Friday, August 16, 2013
Helmut Scanner For Android 2MB
ဘော်ဒါတို့ရေ ဟိုးရှေးရှေးတုန်းက ရိုက်ထားတဲ့ Negative ဖလင် အဟောင်းတွေ ပြန်ရှာကြပေတော့။ ဖလင်ကင်မရာတွေနဲ့ ..
ရိုက်ကူးထားတဲ့ Negative ဖလင်တွေကို ဓါတ်ပုံပြန်ကူးပေးမယ့် app ဗျာ။
ဟုတ်ပါ့မလားဆိုပြီး ကျွန်တော် အိမ်မှာ မရမက Negative ဖလင်အဟောင်းကို လိုက်ရှာပြီး စမ်းခဲ့တယ်။ အဖွားပုံရိုက်ထားတဲ့ Negative ဖလင် အဟောင်းလေးကို Helmut နဲ့ကာလာဓါတ်ပုံအဖြစ်
ပြန်ပြောင်းကြည့်တော့ တကယ် ရတယ်ခင်ဗျ။ လုံးဝ လန်းတယ်ဗျာ။
ဓါတ်ပုံဆိုင်သွားပြီး ဓါတ်ပုံကူးပေးသလိုမျိုး လုပ်ပေးပါတယ်။
Negative ဖလင် တွေမှာ အဖြူအမဲ ဖလင်၊ ကာလာဖလင် တွေကို ဓါတ်ပုံအဖြစ် ပြန်ကူးပေးနိုင်တဲ့ ရှားပါး Negative Scanner ဖြစ်ပါတယ်။ ဒါလေးရှာတွေ့ခဲ့တာ တကယ် တန်ဖိုးရှိပါတယ်။ Negative ဖလင် အဟောင်းများကို ဆိုင်သွားပြီး ကူးနေစရာမလိုတော့ဘူး။ ဖလင်ကို ဖုန်းကင်မရာနဲ့ ဓါတ်ပုံရိုက်လိုက်ပါ။ သေချာလေးရိုက်ပါ။ ဖလင်ပေါ်မှာ အလင်းမပြန်ပါစေနဲ့။ ရိုက်ပြီးရင် Helmut မှာ scan ဖတ်လိုက်ရင် ဓါတ်ပုံအချောကြီး ထွက်လာပါတယ်။ ဓါတ်ပုံအချောထွက်ပြီဆိုမှတော့ ကြိုက်တဲ့ Printer နဲ့သာထုတ်ပေတော့
ပြောင်းပြီးသား ဓါတ်ပုံများကို SD Card အောက်က dk.codeunited.helmu ဆိုတဲ့ folder ထဲမှာ ပြန်ရှာနိုင်ပါတယ်။
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
လက်တွေ့စမ်းချင်ရင်တော့ Google Image မှာ Negative Pictures ဆိုပြီး
စာရိုက်ကာ Negative ပုံတစ်ပုံ ဒေါင်းပြီး ဖုန်းထဲထည့်ကာ Helmut နဲ့ ..
scan ဖတ်ပြီး ကာလာဓါတ်ပုံအဖြစ် ပြောင်းကြည့်လိုက်ပါ။
Download>>>>zippyshare
Labels:
Android app
Subscribe to:
Post Comments (Atom)
No comments:
Post a Comment