ထိုဟာလေးလိုချင်ရင်လာခဲ့ပါ

Monday, August 19, 2013

Android Phone ထဲက Data တွေကို အင်တာနက်ကနေ လှမ်းဆွဲယူမယ် :)

.အခုဖော်ပြပေးမယ့်နည်းကတော့ Android Phone ထဲက Data တွေကို အင်တာနက်ကနေ လှမ်းဆွဲတဲ့နည်းလေးဖြစ်ပါတယ်ခင်မျ..ဘယ်လိုလုပ်မလဲကြည့် လိုက်ကြရအောင်.. သင့်ဖုန်းထဲက ဓာတ်ပုံတွေကို အွန်လိုင်ကနေတိုက်ရိုက် ဒေါင်းလုပ်ဆွဲမယ် အရင်ကတော့ ကျွန်တော်တို့ အဝေးရောက်နေတဲ့ ကိုကို၊ မမ တွေ အိမ်က မိဘ ဆွေမျိုးတွေဆီဓာတ်ပုံပို့ချင်ရင် E-mail ကနေတဆင့် ပို့ကြရပါတယ်။ အခုတော့ E-mail ကိုတောင်သုံးစရာမလိုတော့ဘူးဗျ အင်တာနက်ကော်နပ်ရှင်ရှိပြီး Wifi File Explorer ဆိုတဲ့ Android Software လေးရှိရုံဖြင့် ဖုန်းထဲကို အွန်လိုင်းကနေတိုက်ရိုက် ၀င်ရောက်ကြည့်ရှု ဒေါင်းလုပ်ဆွဲလို့ရပါပြီကဲ စလိုက်ကြရအောင်လားဗျာ… အရင်ဆုံး လိုအပ်တဲ့ Software က Wifi File Explorer ဆိုတာလေးကို ဒေါင်းလိုက်ပါ။ပြီးရင်တော့သင့် Android Phone ထဲမှာ Install သွင်း ထားလိုက်ပါ။
ပြီး၇င်တော့ အဲဒီ WIFI File Explorer လေးကိုဖွင့်လိုက်ပါ။
ဒါဆိုရင်သူက ဖုန်းနဲ့လက်ရှိသုံးနေတဲ့ Connection Name နဲ့ Browser IP Address အပါအ၀င် Port Number လေးပါပါလိမ် မယ်ဗျ။သြ သင့်ဖုန်းက အင်တာနက်နဲ့ ဆက်သွယ်ထားဖို့တော့လို မယ်နော်…အခုလို ဖုန်းထဲမှာ ဒီလိုလေး Run ထားတယ်ဆိုရင် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ ကနေမဆို သင့် ဖုန်းထဲကို အင်တာနက်ကနေတဆင့် ၀င်ရောက်ကြည့်ရှုလို့ရပါပြီ နောက်ထပ်လုပ်ဆောင်ချက်ကတော့ ကွန်ပျူတာကနေလုပ်ဆောင်ရ မည့်လုပ်ဆောင်ချက်တွေပါ။အရင်ဆုံး Browser တစ်ခုခုကိုဖွင့်လိုက် ပါပြီးရင် အောက်ပါဖော်ပြပါပုံအတိုင်း Address Bar လေးမှာ သင့်ဖုန်းထဲက Browser IP Address 192.168.1.3:8000 ဆိုတာလေးကို ရိုက်လိုက်ပါ
ပြီးရင်တော့ Enter ခေါက်လိုက်ပါ။အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်
ထိုအထဲကနေမှ မိမိယူချင်တဲ့ Data ရှိတဲ့နေရာယူသွားပြီး မိမိလိုချင်တဲ့ Data ကို တိုက်ရိုက် ဒေါင်းလုပ်ဆွဲလို့ရ ပါပြီ။ အကယ်လို့သင်က သင့်ဖုန်းကို အွန်လိုင်းကနေလှမ်းပြီး Access လုပ်တာကို Security ပိုင်းနဲ့ လုပ်ချင်တယ် ဆိုရင် သင့်ဖုန်းထဲမှာလုပ်ရမှာက WIFI File Explorer ကိုဖွင့်ထား တဲ့အချိန်မှာ သင့်ဖုန်းကနေ Menu ကိုတစ်ချက်နှိပ်လိုက်ပါ အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်
အဲဒီထဲကမှ Setting ကိုဝင်လိုက်ပါ
Require Password ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးခြစ်ပေး လိုက်ပြီး ဒုတိယစာကြောင်းဖြစ်တဲ့ Password ဆိုတာကိုဝင် လိုက်ပါ အောက်ပါပုံအတိုင်းပေါ်လာရင် မိမိ ပေးချင်တဲ့ Password ကိုပေးထားလိုက်ပါ။
ဒါဆိုရင် သင့်ဖုန်းထဲကို အင်တာနက်အွန်လိုင်းကနေတဆင့် ၀င်မယ်ဆိုရင် Password တောင်ပါလိမ့်မယ် အောက်ပါပုံအ တိုင်းပေါ့..
လိုအပ်တဲ့ WIFI Explorer လေးကိုတော့ အောက်မှာဒေါင်းနိုင်ပါပြီ.. အားလုံးကိုတတ်နိုင်သမျှ အကောင်းဆုံးကူညီပေးနေမယ့် Myanmar IT HelperီDownload links>>>>>Link1 , Link2

1 comment:

  1. Lucky Club Live Casino | Live Roulette and Slots
    Lucky Club offers a fantastic selection of Live Casino Games and Slots which are great and waiting to luckyclub be played in real time. There are 5

    ReplyDelete